သုံးခွ ၁၂  ဖေဖော်ဝါရီ 


ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံတူပန်းချီ ဆေးရောင်ချယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

 
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်သမိုင်းကြောင်းကို ကျောင်းသား/သူများအား ရှင်းလင်းပြောပြခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူပန်းချီပြိုင်ပွဲကို ကလေးငယ်များ(၄၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါ ဆုရ ကျောင်းသား/သူများအား လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN