မြစ်သား ၁၂ ဖေဖေါ်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကူမဲမြို့) နှင့် Kume Bikers’ Association (KBA) တို့မှ ကြီးမှူးကျင်းပသော ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူထုစက်ဘီးစီးပွဲကို ကျောက်ဆည် ရွှေသိမ်တော်ဘုရားမှ မြစ်သားမြို့၊ ထိုမှတဆင့် လမ်းခွ-ကူမဲမြို့သို့ ခရီးစဉ်အတိုင်း ယနေ့နံနက် ၈ နာရီက စတင်ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် ရှေ့ပြေးမော်တော်ဆိုင်ကယ်များနှင့် စက်ဘီးစီးနင်းသူ ၄၅ ဦးတို့မှ ပါဝင်စီးနင်း၍ မြစ်သားမြို့သို့ ၁၀ နာရီတွင် ရောက်ရှိကာ ဒေသခံများက ကြိုဆိုကြပြီး ကြာဇံဟင်းခါးများ တိုက်ကျွေးကြသည်။
ထို့နောက် မြစ်သားမြို့အတွင်း ပန်းသီတာဥယျာဉ်လမ်း၊ ထိုမှတဆင့် လမ်းခွလမ်း-ကူမဲမြို့သို့ ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာသွားကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


