ဟိုပုံး    ၁၂ ဖေဖော်ဝါရီ    

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၏ အထင်ကရစေတီတစ်ဆူဖြစ်သည့် သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးအား လုံးတော်ပြည့် ရွေွှသင်္ကန်းရောင်တော်ပွင့် ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

 

11

 

ရှေးဦးစွာ နမောတဿ(၃)ကြိမ် ဘုရားကန်တော့၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ပရိတ်တရားတော်များ နာယူဆောက်တည်ကြကာ အလှူရှင်များ၏  ပေးအပ်လှူဒါန်းမှုကို တာဝန်ရှိသူများတို့က လက်ခံရယူ၍ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ 

 

22

 

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များထံ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီး အရှေ့ဘက်မုခ် လှိုဏ်ဂူတော်အတွင်း ကိန်းဝပ်စံနေတော်မှုသော ရှေးဟောင်းရုပ်ပွားတော်များအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အလှူရှင်များက ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ထက်ထက်(ဟိုပုံး)

 

33