ရန်ကုန် ၁၂ ဖေဖော်ဝါရီ

 

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးအပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပံ္ပ ကျိုက်က္ကဆံကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်း အခြေခံပညာ ကျောင်းပေါင်းစုံမှ အပြေးပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ ၂၀ဝ၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

 

693..3

 

အဆိုပါ ၅ ကီလိုမီတာ မာရသွန်ပြိုင်ပွဲကို အမျိုးသား အမျိုးသမီး နှစ်သုတ်ခွဲ၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးသီဟဇော်၊ အားကစားနှင့် ကာယပညာသိပံ္ပ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများက တာလွှတ်ပေးခဲ့ကြသည်။

 

ပြိုင်ပွဲဝင် အားကစားသမားသည် အရှေ့မြင်းပြိုင်ကွင်းလမ်းမှ မြောက်မြင်းကွင်းလမ်း၊ ဆရာစံလမ်း၊ စက်မှု(၁)လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်မှ ဆရာစံလမ်း ၊  မြောက်မြင်းပြိုင်ကွင်းလမ်းမှတစ်ဆင့် အရှေ့မြင်းပြိုင်ကွင်းလမ်းမှ ကျိုက္ကဆံကွင်းသို့ ပန်းဝင်ခဲ့ကြပြီး အမျိုးသား အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယရရှိကြသူများအား ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

သတင်းနှင့် ဓာတ်ပုံ- ဗလစိုး