ရန်ကုန် ၁၂  ဖေဖော်ဝါရီ 

 


သီရိလင်္ကာနိုင်ငံရှိ မြတ်ဗုဒ္ဓလက်ဝဲဘက် စွယ်တော်အစစ်ထံမှ ရင်ငွေ့လှုံပွား မြတ်စွယ်တော်ပွားအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အောင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားကျောင်းတိုက်သို့ ပင့်ဆောင်ပူဇော်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ရောက်ရှိခဲ့ကြောင်း သိရသည်။

 

ိ

 

ဗုဒ္ဓမြတ်စွယ်တော်ပွားအား ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် အနောက်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဦးဧသိကနှင့် မာတာသွေးလှူရှင်အသင်း နာယက သာသနာ့ဓဇဓမ္မာစရိယ မာတာသွေးအရှင်တေဇိန္ဒ ဦးစီး၍ ဒလမြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များ၊ ဒလမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုး၊ ရပ်မိရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက  သွားရောက်ပင့်ဆောင်ခဲ့ကြသည်။

 

ေ

 

ဗုဒ္ဓမြတ်စွယ်တော်ပွားအား ဒလမြို့နယ်သူ၊ မြို့နယ်သားများနှင့် အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် ယောမင်းကြီးလမ်းရှိ တည်ထားကိုးကွယ်တော်မူသော အောင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ရာသက်ပန်တည်ထား ပူဇော်သွားမည်ဖြစ်ပြီး၊ ဗုဒ္ဓမြတ်စွယ်တော်ပွား ပူဇော်နိုင်ရန်အတွက် ကြေးကြုတ်တော်ကြီး၊ စွယ်တော်တိုက်နှင့် ကျောင်းဆောင်သစ်တို့အား တည်ဆောက်နိုင်ရေးအတွက် ကမာကဆစ်ရပ်ကွက် အနောက်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဦးဧသိကမှ ဦးဆောင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


နိုင်လင်းကျော်(ဒလ)

 

ေ

 

ေ်