ဟားခါး ၁၃ ဖေဖော်ဝါရီ        


ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့ ဝမ္မ သူးမောင်အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ရာ သတင်း၊ မှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူး ရယူလိုသော သတင်းမီဒီယာဌာနများအနေဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့  နောက်ဆုံးထား၍ ချင်းပြည်နယ်၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖုန်း ဝ၇၀ - ၂၁၀၃၆ သို့ အမည်စာရင်း လာရောက်ပေးရန် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကျင်းပရေး ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီမှ အသိပေးနှိုးဆော်ထား ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN