သုံးခွ ၁၃ ဖေဖော်ဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ၊စာအုပ်ပြပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆုရွေးခြယ်ရေး အဖွဲ့ဝင် ဦးသိန်းဇော်ဝင်းက ဆုရွေးချယ်ခြင်း အချက်အလက်များကို ရှင်းလင်းပြာကြားပြီးနောက် ဆုရရှိသူ ပထမ၊ ဒုတိယ၊ တတိယ ဆရရှိသူများအား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှဗိုလ်ချုပ်၏ အတ္တုပ္ပတ္တိ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ၊မိန့်ခွန်များ၊ဆွေစဉ်မျိုးဆက်များနှင့် စာအုပ်ပြပွဲများ ပြသထားရာ တက်ရောက်လာကြသော ကျောင်းသား/သူများနှင့်စာအုပ်စာပေ ချစ်မြတ်နိုးသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူ့ခဲ့ကြောင်း သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


