၁၃ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ဆေးကုသရန် အလှူငွေလှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံ အစည်းအဝေးခန်းတွင် ဂျာမနီနိုင်ငံ INTERPLAST-Germany teamမှ အထူးကုဆရာဝန်ကြီးများနှင့် ပဲခူးဆေးရုံမှ တာဝန်ရှိသူများအား တွေ့ဆုံကာ ဆေးရုံအုပ်ကြီးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသပေးမှု နှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး ဆေးကုသရန်အတွက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူ ဒါန်းသော ငွေကျပ်သိန်း(၃၀)အား ဝန်ကြီးချုပ်မှဆးရုံအုပ်ကြီးဒေါက်တာရန်နိုင်မောင်ထံ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ခွဲစိတ်နေမှုနှင့် ခွဲစိတ်ပြီးလူနာများ၊ အထွေထွေရောဂါဖြင့်ဆေးရုံတက် ကုသမှုခံယူနေသောလူနာများအား လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစားဖိုမှုးများ အသင်းတို့ ဦးဆောင်မှုဖြင့် ဂျာမာန်+မြန်မာကုသရေ းအဖွဲ့နှင့် ပဲခူးမြို့ မြို့မိမြို့ဖများ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ(၁၅)ရက်နေ့အထိ ကုသိုလ်ယူ အခမဲ့ခွဲစိတ်ကုသပေးလျှက်ရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


