အိမ်မဲ ၁၃ ဖေဖော်ဝါရီ
မြန်မာကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်လေးများ၏ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၃ ရက် နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရွာသစ်ကျေးရွာ မိခင်နှင့် ကလေး စောင့်ရှောက်အသင်းမူကြိုကျောင်းက ကျောင်းသား/သူ လေးများက "ထာဝရသစ္စာ" သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အတွင်း မူကြိုကျောင်းများကကျောင်းသား/ သူလေးများက အားကစားနည်းများ၊ အငယ်တန်း/ အကြီးတန်းတစ်ဦးချင်းသီချင်းဆိုယှဉ်ပြိုင်ခြင်း၊ အငယ်တန်း/အကြီးတန်း တစ်ဦးချင်း ကဗျာရွတ်ဆိုယှဉ်ပြိုင်ကြပြီး ဆုရရှိသူ ကျောင်းသားကျောင်းသူလေးများကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မူကြို ကျောင်းသား/သူလေးများက သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး အခမ်းအနား တက်ရောက်လာသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်နှင့် ဝန်ထမ်းများက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန်ဝေပေးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


