မုံရွာ ၁၃ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ဒါန်းပင်တဲ(ရွာသစ်)၊ ပုရစ်ကုန်း(မြောက်)နှင့် လယ်တော် ကျေးရွာတို့တွင် နိုင်ငံတော်မှ ချမှတ်အကောင်အထည်ဖော်ဆောင်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)မှ ထောက်ပံ့သော ငွေနှင့် ကျေးရွာနေပြည်သူများစုပေါင်းထည့်ဝင်ငွေများဖြင့် ခင်းကျင်းခဲ့သည့် ကွန်ကရစ်လမ်း (၅၁၅၇)ပေအရှည်ကို ခင်းကျင်းပြီးစီးခဲ့ပြီ ဖြစ်ကြောင်း မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချို၏ ပြောကြားချက်အရ သိရသည်။
မုံရွာမြို့နယ် လယ်တော်ကျေးရွာတွင် ဖေဖော်ဝါရီလ (၁၃)ရက်နေ့နံနက်(၇)နာရီတွင်ကျင်းပသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းအား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)မှ ထာက်ပံ့ငွေကျပ် (၁ဝ)သန်း နှင့် ကျေးရွာနေ ပြည်သူများစုပေါင်း ထည့်ဝင်ငွေကျပ် (၉.၁၅)သန်း စုစုပေါင်း ငွေကျပ်(၁၉.၁၅)သန်းဖြင့် အရှည် (၁၅၅၇) လမ်းအကျယ် (၁ဝ)ပေရှိကွန်ကရစ်လမ်းအား စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၊ မုံရွာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးဌာနတို့မှ ဦးစီးမှူးများက ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မုံရွာမြို့နယ်အတွင်းရှိ ဒါန်းပင်တဲ(ရွာသစ်)တွင် ၂ဝ၁၈ ခုနှစ်(၆)လ ဘတ်ဂျက်ကာလအတွင်း လမ်းအရှည်(၁၃ဝဝ)ပေအားလည်းကောင်း၊ ပုရစ်ကုန်း(မြောက်)ကျေးရွာတွင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အတွင်း လမ်းအရှည်(၂၃ဝဝ)ပေအားလည်းကောင်း၊ လယ်တော်ကျေးရွာတွင် လမ်းအရှည်(၁၅၅၇)ပေ စုစုပေါင်း (၅၁၅၇)ပေအား နိုင်ငံတော်မှချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)မှ ထောက်ပံ့သောငွေနှင့် ကျေးရွာနေပြည်သူများစုပေါင်းထည့်ဝင်ငွေများဖြင့် ခင်းကျင်းပြီးစီးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


