နေပြည်တော် ၁၃ ဖေဖော်ဝါရီ
မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ Bright Star ကိုယ်ပိုင်မူလ တန်းကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ၊ ဆရာ၊ ဆရာမများ စုစုပေါင်း( ၉၅ ) ဦးတို့သည် ဖေဖော်ဝါရီ (၁၀) ရက်တွင်လည်းကောင်း၊ ရန်ကုန် တက္ကသိုလ်၊ ဥပဒေပညာဌာန၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဒုတိယနှစ်ဥပဒေ ကျောင်းသား၊ ကျောင်းသူများ၊အသိဉာဏ်ပစ္စည်းဆိုင်ရာ ဥပဒေဒီပလိုမာ သင်တန်း(အမှတ်စဉ် ၃) မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများစုစုပေါင်း( ၁၀၉ ) ဦးတို့သည် ဖေဖော်ဝါရီ (၁၁) ရက်တွင်လည်းကောင်း အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြောင်း သိရသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၁၈၇၆၈) ဦးနှင့် ပြည်ပဧည့်သည် (၁၈၂၆) ဦးရှိကြောင်းသတင်း ရရှိသည်။
(သတင်းစဉ်)


