ပွင့်ဖြူ ၁၃ ဖေဖော်ဝါရီ

 


ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်မဖြစ်စေရန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေသည့် လုပ်ငန်းရှင်များ စားသုံးအကာအကွယ်ပေးရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များ သိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာသို့ သွားရောက်ပြီး စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရေး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

k


  ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ မရှိစေရေး ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ ဈေးဆိုင် ၁၈ ဆိုင်အား သွားရောက်ကာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းတွင် စားသုံးသူပြည်သူများ သိရှိစေရန် မြန်မာဘာသာဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များအား စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ပစ္စည်းအမျိုးအစားအလိုက် ဖော်ပြပါရှိရမည့် အကြောင်းအရာများကို ပညာပေးရှင်းလင်း ဆွေးနွေးခြင်း၊ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ (၁/၂၀၁၈) အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားရှိမှု စာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် ဈေးဆိုင်များအလိုက် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ တွေ့ရှိပါက   သိမ်းဆည်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

 


ရဲဝင်းနိုင် (ညောင်ဦး)

 

g