စလင်း ၁၄ ဖေဖော်ဝါရီ

 

ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊  မွေးမြူရေးနည်းစနစ်များ တိုးတက်လာစေရေး ရည်ရွယ်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍  "ပိုမိုကောင်းမွန်သော စိုက်ပျိုးရေး၊ မွေးမြူရေးကျင့်စဉ်" "GAP/GAHP ပညာပေးသင်တန်း" အား မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၃ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်သူရက ကျွဲ/နွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများ၊ တိရစ္ဆာန်ကာကွယ်ရေးဥပဒေများအကြောင်းတို့အား ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးမြင့်လင်းက စပါး၊  ပဲ၊  နှမ်း၊ မြေပဲအပင်များတွင် ကျရောက်တတ်သော ရောဂါများအကြောင်း၊ ကာကွယ်ရမည့် နည်းလမ်းများ စိုက်ပျိုးရေးဦးစီးဌာနမှ  ချမှတ်ထားသည့် ဥပဒေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ငြိမ်းသူ(စလင်း) 

 

11