ငပုတော   ၁၄ ဖေဖော်ဝါရီ  

  
 
မြန်မာနိုင်ငံရှိ ထင်ရှားသော ဘုရားပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်သော ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂၀ ရက်အထိ တစ်လကြာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးခရီးသွားပြည်သူများအနေဖြင့် သွားလာမှုလွယ်ကူစေရန်အတွက် ရန်ကုန်မြို့မော်တင်ဆိပ်ကမ်းနှင့် ဘုန်းကြီးလမ်းဆိပ်ကမ်းတို့မှ လုံခြုံစိတ်ချရသည့် ကမ်းရိုးတန်း သွားရေယာဉ်များ စီစဉ်ဆောင်ရွက်ပေးထားသည့်အပြင် စီးလုံးငှား လေအိတ်မှန်လုံ မော်တော် ယာဉ်များဖြင့် စေတီတော်တည်ရှိရာတောင်ခြေအထိ တိုက်ရိုက်သွားလာ ဖူးမြော်နိုင်အောင် စီစဉ် ပေးထားကြောင်း သိရသည်။

 

ထို့အပြင် ဘုရားဖူးဧည့်သည်တော်များ အဆင်ပြေစွာ တည်းခိုရန်အတွက် ပွဲတော်ကာလအတွင်း အခမဲ့ တည်းခိုဆောင်တစ်ခု စီစဉ်ပေးထားကာ ရင်ပြင်တော်ပေါ်တွင် ညအိပ်မည့်သူများအတွက် ဖျာများကို အခမဲ့ငှားရမ်းပေးသွားမည့်အပြင် ဟိုတယ်နှင့်တည်းခိုခန်းများတွင် တည်းခိုလိုသူ များအတွက်လည်း စေတီတော်ကြီး၏ အရပ်လေးမျက်နှာတွင် ဟိုတယ်နှင့်တည်းခိုခန်းများကို ထပ်မံဖွင့်လှစ်ပေးထား လျက်ရှိသည်။

 

အဆိုပါ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်နိုင်ရုံသာမက ငွေဆောင်ကမ်းခြေသို့ သွားရောက်ကာ အပန်းဖြေရေကူးခြင်း၊ ကမ်းခြေ၏ သဘာဝ အလှများကိုကြည့်ရှုနိုင်ခြင်းများအပြင် သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေကိုရှုရှိုက်ရင်း စိတ်အေးချမ်းစွာအနားယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)

 

FB_IMG_15