မာန်အောင် ၁၄  ဖေဖော်ဝါရီ 

 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လက်ဖက်ကျွန်းမီးပြတိုက်အနီး ၁ မိုင်ခန့်အကွာ ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက သင်္ဘောတစ်စင်းနှစ်မြုပ်ခဲ့ရာတွင် ပျောက်ဆုံးနေသောသူများ၏ မိသားစုဝင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင် ရာများသည် ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ခန်းမ၌ သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ ကို ကူညီမှုပေးခဲ့ကြသည်။

 

ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံးမှ တာဝန်ရှိသူက ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၂၇ သိန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။


 
အဆိုပါ သင်္ဘောနှစ်မြုပ်ရာတွင် ပျောက်ဆုံးနေသော လူ(၁၈)ဦးအနက် လူ(၉)ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များထံသို့ တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် (၉)ဦးအတွက် ထောက်ပံ့ငွေကျပ်(၂၇)သိန်းအား ပေးအပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

111