၁၄ ဖေဖော်ဝါရီ

 

မြန်မာလူမျိုးများ၏ ရိုးရာပွဲတော်များကို သိရှိနိုင်စေရန် စာရေးသူ ကေသီရိ(တောင်ငူ) စီစဉ်ရေးသားသည့် ၁၂လ ၁၂ ပွဲ အခင်းအကျင်း စာအုပ်ထွက်ရှိလာသည်။

 

တန်ခူးလသြင်္ကန်ပွဲသည် သမိုင်းကြောင်းရှည်လျားသည့် မြန်မာလူမျိုးများ အထွတ်အမြတ်ထားသည့် ပွဲတော်တစ်ခုဖြစ်သည်။ 

 

တန်ခူးလ မရောက်မီ တပို့တွဲနှင့် တပေါင်းလများကတည်းကသြင်္ကန်သီချင်းများ တညံညံ၊ ဗုံသံတွေတဆူဆူနှင့် အလှူခံထွက်ကြသည်။ သက်ကြီးပူဇော်ပွဲ၊ စုပေါင်းရဟန်းခံရှင်ပြုပွဲနှင့် နှစ်သစ်မင်္ဂလာအခါတော်နေ့ ကြိုဆိုသည့်ပရိတ်ပွဲများကို စုပေါင်းကျင်းပကြရာ ရှေးအစဉ်အလာအတာရေသွန်းပွဲတော်ထက် ပိုမိုစည်ကားလာသဖြင့် ထေရဝါဒဗုဒ ̈ဘာသာ အလိုကျ ဘာသာရေးယဉ်ကျေးမှုပွဲတော်အဖြစ်ပိုမိုထင်ရှားလာသည်။ ၁၂ လရာသီတွင် ကျင်းပလျက်ရှိသော ပွဲတော်များနှင့် အကြောင်းအရာများကို သိရှိနိုင်စေရန် ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်