၁၄ ဖေဖော်ဝါရီ
ဟိန်းဇေ စီစဉ်ရေးသားသည့် ပုဂံမတိုင်မီ မြန်မာအစနှင့် သမိုင်းထင်ရှား မင်းမြတ်ကိုးပါးစာအုပ် ထွက်ရှိလာသည်။
ပုဂံခေတ်က မင်းသုံးပါးဖြစ်သည့် အနော်ရထာ၊ ကျန်စစ်သားနှင့် အလောင်းစည်သူ၊ တောင်ငူ၊ ဟံသာဝတီခေတ်က မင်းနှစ်ပါးဖြစ်သည့် တပင်ရွှေထီးနှင့် ဘုရင့်နောင်၊ တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သည့် ကုန်းဘောင်ခေတ်က အလောင်း ဘုရား၊ ဆင်ဖြူရှင်၊ ဘိုးတော်ဘုရားနှင့် မင်းတုန်းမင်းစသည့် မင်းကိုးပါးအကြောင်းကိုသိရှိနိုင်မည်ဖြစ်ပြီး ပုဂံမတိုင်မီ မြန်မာလူမျိုးများအစနှင့် ပျူခေတ်တွင်ထင်ရှားသည့်ပန်ထွာဘုရင်မနှင့် ဒွတ္တဘောင်မင်းတို့၏ ဗိဿနိုးနှင့် သရေခေတ္တရာ ဆိုသည့် ပျူနိုင်ငံမတိုင်မီ လူတူပရိုင်းမိတ်များ၏အကြောင်းကို ရေးသားထားသည်။
ကြေးမုံ စာအုပ်စင်


