တီးတိန် ၁၄ ဖေဖော်ဝါရီ

 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တီးတိန် မူလတန်းကြိုကျောင်း ဦးဆောင်မှုဖြင့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ရင်သွေးငယ်များ ကာယ၊ ဉာဏပြိုင်ပွဲကို မြို့မခွါဒိုခန်းမတွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်သည်။

 

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲများကို ကျင်းပရာ  ဆုရကလေးများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးသည်။ အဆိုပါအခမ်းအနားကို World Vision တီးတိန်မှထောက်ပံ့ပေးပြီး တီးတိန်မြို့ပေါ်ရှိ မူလတန်းကြိုကျောင်းနှင့် မိခင်ဝိုင်း ၁၀ ကျောင်းမှ ကစားနည်း ၁၀ မျိုး ယှဉ်ပြိုင်ကစားကြကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။

 

MDN

 

2.2