၁၄ ဖေဖော်ဝါရီ
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ပြန့်ပွားရေးကို ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူကလောင်ရှင်များ စုစည်းထုတ်ဝေသည့် ခေတ်ပုံရိပ်အမှတ်စဉ်(၇) စာအုပ်ထွက်ရှိလာသည်။
အဆိုပါစာအုပ်တွင် ကဗျာ ၁၀ ပုဒ်၊ ဆောင်းပါး ၁၀ ပုဒ်၊ ဝတ္ထု ခုနစ်ပုဒ်နှင့် ပြဇာတ်နှစ်ပုဒ်ပါရှိသည်။ နှလုံးသားလှပစေခြင်း နိမိတ်ပုံရိပ်များအပြင် အတွေးအခေါ်မှန်ကန်စေရန် òန်းဆိုပြချက်များကိုပါ ယှက်နွှယ်သည်ကို ခံစားတွေ့ရှိရမည်ဖြစ်သည်။ ညီညွတ်မျှတစေသော စုပေါင်းဆောင်ရွက်မှုများဖြင့် စာဖတ်သူကိုကျေနပ်နှစ်သိမ့်မှုပေးနိုင်စေရန်ရည်ရွယ်၍ ရေးသားထားသဖြင့် စာရှုသူများအား အကျိုးတစ်စုံတစ်ရာ ရရှိစေမည်ဖြစ်သည်။
ကြေးမုံ စာအုပ်စင်


