မြို့သစ် မတ် ၂၅
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် မတ် ၂၅ ရက် နံနက်ပိုင်းက မြို့သစ်မြို့နယ် လမ်းဦးစီးဌာန၏ ရှင်းလင်းဆောင်သို့ရောက်ရှိ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် နေပြည်တော်-တောင်ညို-မြို့သစ် -ကန်ပြား(မကွေး) လမ်းပိုင်းတွင် လမ်းအကျယ်ပေထားရှိမှု၊ ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်မှုကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
သန်းဝင်းထွန်း(ပြန်/ဆက်)


