တပ်ကုန်း မတ်လ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသားကလေးငယ်များဖိတ်ခေါ်၍ လူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေးအတွက် အဖွဲ့လိုက် ပုံပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
ပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ကျောင်းသားကလေးငယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနီးကျွမ်း ဝင်မှုရှိပြီး၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်နှင့် ကျန်းမာပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ယခုလို ပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး ပြိုင်ပွဲ၊ ပြပွဲ၊ ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ အဖွဲ့လိုက်ပုံပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)


