သံတွဲ ၁၄ ဖေဖော်ဝါရီ
သီတဂူဆရာတော်ကြီး ဦးဆောင်အမှူးပြုလျက် မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြအောင် ဦးဆောင်သည့်အဖွဲ့သည် ဝိသာခါဖေါင်ဒေးရှင်း Medi Myanmar Group Ltd,နှင့် L’ Occitane Foundation ပူးပေါင်း၍ သံတွဲမြို့သီတဂူစက္ခုဒါနမျက်စိဆေးရုံ၌ ဖေဖေါ်ဝါရီ ၁၂ရက်နေ့မှစတင်၍ ၁၅ရက်နေ့ထိ မျက်စိဝေဒနာရှင် များအား အခမဲ့စမ်းသပ် ခွဲစိတ်ကုသ အလင်းဒါနလှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့စမ်းသပ်ကုသရာတွင် စမ်းသပ်လူနာ ၆၉၀ဦးရှီပြီး ၂၆၇ဦးကို ခွဲစိတ်ကုသပေးသွားမည်ဖြစ်ရာ ဖေဖော်ဝါရီ၁၃ရက်နေ့ထိ လူနာ၉၆ဦးကို ခွဲစိတ်ကုသပေးပြီး ကျန်လူနာများကို ဆက်လက်ခွဲစိတ်လျက်ရှိ်ကြောင်း သီတဂူစက္ခုဒါနမျက်စိဆေးရုံကော်မတီ ဦးဝင်းအေးထံမှသိရှိရသည်။
သန့်ဇင် ( ခရိုင်ပြန်/ဆက်)


