ဂန့်ဂေါ ၁၄ ဖေဖော်ဝါရီ
သစ္စာစီမံချက်ဖြင့် ဂန့်ဂေါမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီတွင် ဂန့်ဂေါမြို့နယ် ကန်ရွာ အထက ကျောင်းခန်းမ၌ ပြုလုပ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် ဂန့်ဂေါခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင် က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင် က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကန် အထက၊ လက်ပန် အထက၊ မောက် အထက၊ ကန်ရွာ အထက၊ မြင်သား အထက(ခွဲ) ၊ ကုန်းရွာ အလက၊ မြင်းဇာ အလက၊ ကန်သာ မူလတန်း လွန်ကျောင်း တို့မှ ကျောင်းသား၊ ကျောင်းသူ ၃၉၇ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများထံသို့ ပေးအပ်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြိီးများ နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
MDN


