နေပြည်တော်   ၁၄  ဖေဖော်ဝါရီ    

 

သတင်းထုတ်ပြန်ခြင်း(၂/၂၀၁၉)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

 

အခမ်းအနား၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုရန် ပစ္စည်း များဝယ်ယူထားရှိမှု အခြေအနေ၊ ၆၆ကေဗွီ ရာဇဂြိုဟ်- ကလေး-ကလေးဝဓာတ်အားလိုင်း ၄၈ ဒသမ ၉၆ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံ တည်ဆောက်မှု အခြေအနေ၊ အပူစွမ်းအင်သုံး စက်ရုံများဌာန၊ ဓာတ်အားပေး စက်ရုံစီမံကိန်းများ အခြေအနေ၊ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေ၊ ရွာမ-အဖျောက်-အင်းရွာ ၁၄ လက်မ ပိုက်လိုင်း လှိုင်မြစ်ဖြတ် (ရိုးလေး-မင်းမကုန်း) HDD နည်းဖြင့် တူးဖောက် ဆက်သွယ်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ အသေးစားရေနံချက်လုပ်ခြင်း (Mini Refinery) လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှု အခြေအနေ၊ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်) လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (သန်လျင်)တွင် LPG Training Course သင်တန်းဖွင့်လှစ် ခဲ့မှု အခြေအနေ၊ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအား စနစ်တကျဆောင်ရွက်နိုင်ရန် စက်သုံးဆီ ျကိုင်တွယ်ထိန်းသိမ်းခြင်းအခြေခံ သင်တန်း Petroleum Products Handling Process (PPHP) Basic Training Course များ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့ကိုဦးတည်၍ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ လမ်းမီးဓာတ်အားလိုင်းအသစ် တည်ဆောက်ခြင်း၊ မီးလုံးအသစ် တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ တည်ဆောက်ပြီး စီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)