ငပလီ ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ရခိုင့်ရိုးရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် မြို့ပေါ်ရပ်ကွက် ငပလီကမ်းခြေတို့တွင် ယနေ့အထူးစည်ကားလျက် ရှိကြောင်း သိရသည်။
မဟာသင်္ကြန်အတက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ ကားများ၊ သုံးဘီး ဆိုင်ကယ်များဖြင့် လှည့်လည်ရေပရေခံထွက်သူများ၊ ငပလီကမ်းခြေတွင် ရေကစားအပန်းဖြေ အနားယူ သူများ ယခင်နေ့ကထက် ပိုမိုများပြားကာ အေးချမ်းသာယာစွာဖြင့် အထူးစည်ကားလျက်ရှိသည်။
မြင့်မြင့်အေး(ငပလီပြန်/ဆက်)


