ဘီးလင်း ဧပြီ ၁၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာ အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ် သူများ ဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသော မဟာအတာသင်္ကြန် ကာလတွင် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ပြည်သူများက ဘုန်တော်ကြီးကျောင်းများ၌ ဥပုသ်သီလခံယူ ဆောက်တည်ခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ဘုရားစေတီများတွင် ​ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်ဆောင်ရွက်ကြသည်။ အလှူရှင်များက ဥပုသ်သီလဆောက်တည်သူများအား စတုဒိသာသင်္ကြန်ထမင်း၊ ကြာဇံဟင်းခါးတို့ဖြင့် ကျွေးမွေး လှူဒါန်းခြင်းများဖြင့် လူငယ်များကလည်း လုပ်အားဒါနကုသိုလ်ယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)