မန္တလေး    ဧပြီ    ၁၉

 

ပုဂံလူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲနှင့် မိတ်ဆုံညစာ စားပွဲအခမ်းအနား   အောင်မြင်စွာ  ကျင်းပနိုင်ရေး အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်း အဝေးခန်းမ၌    ယနေ့မွန်းလွဲပိုင်းက    ကျင်းပရာ  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဦးစီးကော်မတီများအနေဖြင့် ပုဂံလူရည်ချွန် အပန်းဖြေ စခန်းဖွင့်ပွဲ  မကျင်းပမီ၊  ကျင်းပချိန်နှင့်  ကျင်းပပြီးစီးသည်အထိ ဆပ်ကော်မတီများအလိုက် ဆောင် ရွက်ရမည့် လုပ်ငန်းအစီအမံများကို လစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နေရာဒေသအသီးသီးမှ ပါဝင်ကြရာ ရေမြေ ဒေသ   ရာသီဥတု မတူညီမှုများရှိသည့်အတွက် တစ်ဦးချင်း မှအစ အဖွဲ့လိုက်အထိ  ဂရုတစိုက်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို အလေးထားဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ရည်ရွယ်ချက်များကို  အောင်မြင်အောင်  အကောင်အထည်ဖော် ဆောင်ရွက် ရာတွင်  အားလုံးတက်ညီလက်ညီ ဟန်ချက်ညီစွာ ဝိုင်းဝန်းပူးပေါင်း             ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း  ပြောကြားသည်။

 

ဆက်လက်၍   မန္တလေးတိုင်းဒေသကြီး   ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညောင်ဦး မြို့နယ်     စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ     ဦးနန်းတင့်တို့က   လူရည်ချွန်များ ရောက်ရှိသည့် ခရီးစဉ်မှ  အပြန်ခရီးစဉ်အထိ  ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပုဂံလူရည်ချွန်အပန်းဖြေစခန်းအတွက်  ဆောင်ရွက်မည့်လုပ်ငန်း  အစီအမံများကို အသေးစိတ် ရှင်းလင်းတင်ပြရာ   တိုင်းဒေသကြီး ဝန်ကြီး များနှင့် တာဝန်ရှိသူများက  ဖြည့်စွက်ဆွေးနွေးကြပြီး   တိုင်းဒေသကြီး  ဝန်ကြီးချုပ်က  ရှင်းလင်းတင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။ 

သတင်းစဉ်