စစ်တွေ    ဧပြီ     ၁၉

 

ရခိုင်ပြည်နယ်         ဝန်ကြီးချုပ်  ဦးထိန်လင်းသည်       ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူး၊     ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ရေရရှိရေး  အတွက် မြေအောက်ရေ တူးဖော် ရေးအဖွဲ့များမှ ရေတူးဖော်ရရှိနေမှု၊  ကန်တော်ကြီးသို့   ရေဖြည့်တင်း နေမှု၊ ရေစုကန်များ တည်ဆောက် နေမှုနှင့်    ရေဆက်လက်တူးဖော်  နေမှုတို့ကို   သွားရောက်ကြည့်ရှု  စစ်ဆေးကြသည်။

 

ဦးစွာ     တာဝန်ရှိသူများက  မြေအောက်ရေ    တူးဖော်ရရှိနေမှု  အခြေအနေနှင့် ကန်တော်ကြီးသို့     ရေဖြည့်တင်းနိုင်မည့်   အခြေအနေများကို  ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ် သည်များကို  တာဝန်ရှိသူများနှင့်    ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  စစ်တွေမြို့ မျိုးသန့်ခြံအတွင်း  မြေအောက်ရေ  တူးဖော်ရရှိနေမှုနှင့်  ရေသိုလှောင်ဖြန့်ဖြူးနိုင်ရန် ရေဂါလန် ၂၀ဝ၀ဝ  ဆံ့ ရေစုကန် တည်ဆောက်နေမှု တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ လုပ်ငန်းများ   အချိန်မီပြီးစီးနိုင် ရေးနှင့်   ကန်တော်ကြီးသို့   ရေပို့ လွှတ်နိုင်ရေး၊      ရေဖြန့်ဝေပေးနေမှုများ     ပြတ်လပ်မှုမရှိစေရေး မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)