ပုသိမ်ကြီး   ဧပြီ   ၁၉

 

ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန်အတွက် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်      ရှင်တော်ကုန်းကျေးရွာအနီးတွင် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသော ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာရှိ       အိမ်ခန်းများကို ပြည်သူများ၊   လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများနှင့်   အငြိမ်းစားဝန်ထမ်း များအား ငှားရမ်းပေးမည်ဖြစ်သည်။

 

ငှားရမ်းနေထိုင်လိုပါက  အောင်မြေသာစံ မြို့နယ် ၆၆ လမ်း၊ ၁၆ လမ်းနှင့် ၁၉ လမ်းကြားရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ဧပြီ ၁၈  ရက်မှ မေ  ၁၇   ရက်အထိ ရုံးချိန်အတွင်း လျှောက်လွှာများ ရောင်းချပေးလျက်ရှိကာ ဧပြီ ၂၅ ရက် မှ မေ ၁၉ ရက်အထိ လျှောက်လွှာများ  ပြန်လည်လက်ခံပေးမည်ဖြစ်ကြောင်း မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ အိမ်ခန်း နေရာချထားရေးကော်မတီက အသိပေးကြေညာထားကြောင်း သိရပြီး မင်္ဂလာရန်ကင်း ပြည်သူ့အငှား အိမ်ရာနှင့်ပတ်သက်၍ သိရှိလိုပါက ဖုန်း ဝ၉-၉၆၅၆၉၆၄၀၆၊ ဝ၉-၂၅၄၂၂၇၈၅၉ သို့တို့    ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

သွင်ထူးဉာဏ်ဇော်(မန္တလေး)