ရပ်စောက် ဧပြီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ၊ ဘုရားဖြူဘုန်းတော်ကြီးကျောင်းတွင် ဧပြီ ၁၉ ရက် ည ၉ နာရီက ပေ ၈၀ x ၆၀ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်ကျောင်းဆောင်အတွင်း ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ခဲ့ရာမှ ဖယောင်းတိုင်လဲကျ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၈)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၂)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင်တစ်လုံးနှင့် နဝကမ္မပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ သံဃာတစ်ပါး မီးလောင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး တစ်ပါးမှာ ခြေကျင်းဝတ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ မီးလောင်မှုအား ရပ်စောက်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆုမွန်(ရပ်စောက်)


