ရန်ကုန် ဧပြီ ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် (၁)နှစ်သင်တန်းဖြစ်သော အီလက်ထရွန်နစ်သင်တန်းနှင့် (၃)လ သင်တန်းများဖြစ်သော စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်းများကို မေလ(၁၅)ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

အဆိုပါသင်တန်းများကို တက်ရောက်လိုသူများသည် အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းဝင်းအတွင်း၊ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း- ၀၁-၉၆၆၁၇၁၂၊ ၀၉-၂၅၀၄၀၂၃၉၂ နှင့် ၀၉-၄၂၁၁၁၀၈၆၇ သို့ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် သင်တန်းတက်ရောက်ခွင့်ရသူ များအတွက် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေးများ စီစဉ်ပေးပြီး သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သော သင်တန်းသား/သူများအတွက် ရန်ကုန်မြို့သို့လာသော ခရီးစရိတ်နှင့် အိမ်ပြန်ခရီးစရိတ်တို့ကို ပံ့ပိုးပေးမည်ဖြစ်သည်။   

သတင်းစဉ်