နေပြည်တော် ၁၄ ဖေဖော်ဝါရီ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၄ ရက်နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်က ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်အတွင်း ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးလောင်ဆုံးရှုံး ခဲ့သည့် နေအိမ်(၈)လုံးမှ မိသားစုများအား ယင်းနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံအားပေးကာ နေပြည်တော်ကောင်စီမှ တစ်အိမ်ထောင်လျှင် (၁)သိန်းကျပ်စီ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ သေတ္တာတစ်လုံးစီနှင့် အိမ်ဆောက်လုပ်ရန် အိမ်(၈)လုံးအတွက် ငွေကျပ်(၁၁)သိန်း၊ လူဦးရေ(၄၆)ဦးအတွက် ရိက္ခာငွေ ကျပ် (၉၆၆၀ဝ) ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မူကြောင့် နေအိမ်များဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား လောကမာရဇိန် ဘုရားကြီးကွင်းအတွင်းရှိ ကဇာတ်ရုံတွင် ယာယီနေထိုင်စားသောက်နိုင်ရေးအတွက် မြို့နယ် စီမံခန့်ခွဲမူ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


