ရေနံချောင်း   ၁၄     ဖေဖော်ဝါရီ 

 


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ရွှေပါရမီစာကြည့်တိုက် တည်ဆောက်ရန် အလှူငွေပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီက အထက(၁)ကျောင်းဝင်းရှိ ယာယီမင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

 

a

 

ရှေးဦးစွာ တက်ရောက်လာသည့် ဧည့်သည်တော်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ကို ဖွင့်လှစ်ပြီး ဆရာတော်နှင့် အလှူရှင်များက အလှူငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။

 


ထို့နောက် နံနက် ၁၁ နာရီ ၇ မိနစ် မင်္ဂလာအချိန်တွင် စာကြည့်တိုက်ပန္နက်တင် အခမ်းအနားကျင်းပရာ ဆရာတော်အရှင်ဆန္ဒာဓိကမှ စာကြည့်တိုက်အဆောက်အဦးအား ပန္နက်ရိုက်ပေးခဲ့ကြောင်း သိရသည်။

 

''ဒီအလှူငွေပေးအပ်ပွဲက ဒုတိယအကြိမ်ပါ။ ဆရာတော်ရဲ့ မတည်ငွေ သိန်း ၅၀ဝ နဲ့ အလှူရှင်တွေရဲ့ အလှူငွေတွေနဲ့ စုစုပေါင်း ကျပ် ၇၆၃ သိန်း ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။ ပထမအကြိမ်အလှူငွေကတော့ စာရင်း ဇယားတွေပြန်ကြည့်မှ သိရမှာ။ အဆောက်အဦအမျိုးအစားကတော့ အာရ်စီနှစ်ထပ်ပါ။ အခုမှ ဒီဇိုင်ဆွဲတုန်းမလို့ အကျယ်အဝန်းကိုတော့ မသိရသေးဘူး''ဟု ဆရာတော်၏ တပည့်ဒါယကာဆရာကြီးဦးကျော်လွင်က ပြောသည်။

 

j


 

 

အဆိုပါစာကြည့်တိုက်အား ဆရာတော်၏ မတည်ငွေနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေစုပေါင်းပြီး ကျပ်သိန်း ၁၅၀ဝ၊ ၂၀ဝ၀ ခန့်အကုန်အကျခံကာ ရေနံချောင်းမြို့ လမ်းမတော်လမ်း ဗိုလ်ချုပ်ပန်းခြံ၏ တောင်ဘက်မြေနေရာတွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆရာကြီးထံမှ သိရသည်။

 


အခမ်းအနားသို့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာတော်၏ တပည့်ဒါယကာ ဒါယကာမများ၊ အထက(၁)ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့် သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 


ကိုစိုးကြီး