နေပြည်တော်၊ ဧပြီ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး၏ ဖိတ်ကြားချက်အရ အာဆီယံ − တရုတ် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရေး အထိမ်းအမှတ်နှစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြိုမှ ပေကျင်းမြို့သို့ လေကြောင်းခရီးဖြင် ထွက်ခွါရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြကြောင်းသိရသည်။ 

သတင်းစဉ်