နောင်ချို ဧပြီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာရေးတွင်သာမက၊ ကွန်ပျူတာကို ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ကွန်ပျူတာသင်တန်များ ဖွင့်လှစ်လျက်ရှိရာ အဆိုပါ သင်တန်းများ၌ လုံလောက်စွာအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကွန်ပျူတာများ လှူဒါန်းခြင်းကို ဧပြီ ၂၆ ရက်က သဖန်းကိုင်း ပရဟိတရုံးခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်ဖြစ်သည့် (South East Asia Gas Pipeline Company Limited)မှ ကွန်ပျူတာ(၁၀)စုံကို လှူဒါန်းရာ သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညာလင်္ကာရက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းတွင် သံဃာတော်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၄၀)ကျော်ရှိကာ ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆရာတော်က အနီးကပ် ကြီးကြပ်စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)


