နေပြည်တော် ဧပြီ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မြစ်ကြီးနားမှ ညွှန်ကြားရေးမှူး ဦးဇော်လှိုင်ဝင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၊ ခေမာသီဝံ ပရယတ္တိ စာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဣန္နောဘာသထံသို့ ဆွန်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် အခြားဘာသာရေး ကျောင်းများသို့လည်း ဆွမ်း၊ ကွမ်း၊ ခက်ခဲမှုမရှိစေရေး ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


