စုကလိ ၁၅ ဖေဖော်ဝါရီ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များသို့ အကြောင်းအမျိုးမျိုးများကြောင့် လာရောက်ပြီး စာအုပ်စာစောင်များငှါးရမ်းခြင်းမပြုနိုင်သည့် အများပြည်သူထံသို့ လက်ဝယ်အရောက်ငှါးရမ်းပေးသည့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာများသို့စာအုပ်များငှါးရမ်းပေးခြင်းကို စုကလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့စာအုပ်များငှါးရမ်းပေးခဲ့ရာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအပြင် အခြားဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
အောင်စံထွန်း(ပြန် /ဆက်)


