ရွှေဘို  ၁၅  ဖေဖော်ဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူ များသည် ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးမြေမှ လယ်ယာထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် အချိန်မီဈေးကွက်သို့ လျင်မြန်စွာရောက်ရှိစေရန် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသော ကျေးလက်ကုန်ထုတ်လမ်းများကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ အဆိုပါအဖွဲ့သည် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသော ခင်ဦးမြို့နယ်၊ ဝန်းကြီးကျေးရွာနှင့် ကြို့ကန်ကျေးရွာများရှိ ကုန်ထုတ်လမ်းအခြေအနေများကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူး ဦးညီညီဦး၊ ကျေးရွာရပ်မိရပ်ဖများနှင့်လည်းကောင်း၊ တန့်ဆည်မြို့နယ်၊ ကုန်းရိုး ကျေးရွာနှင့် ချောင်းဦးကျေးရွာများရှိ ကုန်ထုတ်လမ်းအခြေအနေများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးမှူး ဦးကြည်ဇင်၊ ကျေးရွာရှိတာဝန်ရှိသူများနှင့်လည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်ပြီး တန့်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်နေသော အသက် မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအလှပြင်သင်တန်းတွင် သင်တန်းသူများ လက်တွေ့သင်ကြား နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)

 

IMG_201