ပုသိမ်ကြီး ၁၅  ဖေဖော်ဝါရီ

 

ပခုက္ကူ ဦးအုန်းဖေ စာပေဆုရ စာရေးဆရာမ နွေးထွေးပုသိမ်ကြီး၏ ဘဝထိုထို ထန်းရိပ်ညိုစာအုပ်နှင့် မဟာပုဂံ (The Glorious Bagan) စာအုပ်များ မိတ်ဆက်ပွဲနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းနားကို ဖေဖော်ဝါရီလ (၁၅)ရက် နံနက်(၉)နာရီက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

 

အခမ်းနားမှူးအဖြစ် ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက ဆောင်ရွက်သည်။ ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း နာယက စာရေးဆရာ၊ သတင်းစာဆရာ ဆရာမာဃိန္ဒ (ပုသိမ်ကြီး)၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာစိုးနိုင်ဆွေ (နိုင်စေရ-မန်းတက္ကသိုလ်)၊ ပုဂံ၊ညောင်ဦးမြို့နယ်အသင်း (မန္တလေး)မှ ဦးညွှန့်မောင် (ညောင်ဦးသန်းဋ္ဌေး)တို့က စာအုပ်နှင့်ပတ်သက်၍ မုဒိတာစကားပြောကြားသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်များ လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌ-၁ ဦးသောင်းနိုင်နှင့် ဘဏ္ဍာရေးမှူး ဒေါ်ခင်ခင်ဝင်း(ပညာရေး)တို့က လက်ခံရယူသည်။ ထို့နောက် ဒေါ်မြင့်မြင့်မာ ဘဏ္ဍာရေးမှူး သပိတ်ကျင်းမြို့နယ်အသင်း (မန္တလေး)က ပုသိမ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် အတွက် ၎င်း၊ ဒေါ်စုစုလှိုင်(စုလှိုင်ပြန်/ဆက်) မဟာပုဂံစာအုပ်ထုတ်ဝေသူက ဆရာဉာဏ်လင်း (ဖူးသစ်ဝေ) ညောင်ဦးခရိုင် တောင်စင်း (အ.ထ.က)ကျောင်းစာကြည့်တိုက်အတွက်၎င်း၊ စာအုပ်များ လှူဒါန်းသည်။

 

ထို့နောက် စာရေးဆရာမ နွေးထွေး(ပုသိမ်ကြီး) (ခ) ခင်သိန်း(ညောင်ဦး)က စာအုပ်များနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး ကျေးဇူးတင်စကားပြောကြားကြောင်း သိရှိရသည်။ ထို့နောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးသည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)