ပုဇွန်တောင် ၁၅ ဖေဖော်ဝါရီ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင် ရပ်/ကျေး ဆင့်ပွားသင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ပုဇွန်တောင်မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျင်းပပြုလုပ်သည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စည်ပင်ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်စိုးမှ အဖွင့်အမှာစကားကိုလည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်နှင့် မြို့နယ်လဝကဦးစီးမှူး ဦးဝင်းမြတ်ထွဋ်တို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် သင်တန်းစတင်ပို့ချရာ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကော်မရှင်လုပ်ငန်းစဉ်များ၊ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများ၊ အတွေ့အကြုံများ၊ လုပ်ငန်းလမ်းညွှန်ချက်များကို အသီးသီး ထပ်ဆင့်ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသည့် ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။

 

MDN

 

0.10