မေ ၁၀ 

 

ဇင်ဘာဘွေအစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ဟာ နိုင်ငံတကာအတွက် စိုးရိမ်စရာ လူထုကျန်းမာရေး အရေးပေါ်အနေအထားတစ်ခုမဟုတ်တော့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်များအားလုံးကို ယမန်နေ့က ရုပ်သိမ်းသွားခဲ့သည်။

 

အဆိုပါဆုံးဖြတ်ချက်ကို ပြန်ကြားရေး၊ ရုပ်သံထုတ်လွှင့်မှုဌာနဝန်ကြီး မိုနီကာမတ်စဗန်ဝါက အစိုးရအဖွဲ့အစည်းအဝေးပွဲအပြီး ယမန်နေ့ကပြုလုပ်သော မီဒီယာသတင်းစာရှင်းပွဲအတွင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာစိုးရိမ်စရာ လူထုကျန်းမာရေးအရေးပေါ်အနေအထားတစ်ခုမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက်တွင် ဇင်ဘာဘွေအစိုးရက ပါးစပ်၊ နှာခေါင်းစည်းဝတ်ဆင်မှုကိုရုပ်သိမ်းရန်၊ ခရီးသွားများအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ခရီးသွားများ၏ အပန်းဖြေနေရာများ၊ ဆိပ်ကမ်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားပြရန် မလိုအပ်ကြောင်းနှင့် နယ်စပ်ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုထိန်းချုပ်ရန် စီမံချက်များအားလုံး ရုပ်သိမ်းရန် ညွှန်ကြားခဲ့သည်ဟု ထိုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဇင်ဘာဘွေနိုင်ငံတွင် မေလ ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၄၆၈၅ ဦးရှိပြီး ယင်းရောဂါဖြင့် သေဆုံးသူ ၅၆၈၆ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။

 

နိုင်ငံအတွင်း ဧပြီလ ၂၉ ရက်အထိ ကိုဗစ်ရောဂါ ကာကွယ်ဆေး ၁၃၉၃၅၁၁၂ ထိုးနှံပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို