နေပြည်တော် ၁၅ ဖေဖော်ဝါရီ

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)၏ စီစဉ်မှုဖြင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)နှင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း (ပုဂံဇုန်) တို့ ပူးပေါင်းကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ မင်းအိုချမ်းသာဘုရားအနီးတွင် ကျင်းပခဲ့သည်။

 

mdn

 

ထမနဲထိုးပြိုင်ပွဲတွင် အသင်း ၁၇ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို Gracious Bagan Hotel ၊ ဒုတိယဆုကို Amta Hotel၊ တတိယဆုကို ပုဂံသံတဲဟိုတယ်နှင့် နှစ်သိမ့်ဆုကို Bagan Lodge Hotel နှင့် ဧရာဝတီဟိုတယ်တို့မှ ဆုများအသီးသီးရရှိခဲ့ကြပြီး ပြိုင်ပွဲဝင်မှရရှိလာသော ထမနဲများကို မင်းအိုချမ်းသာ ဘုရားရင်ပြင်တွင် သံဃာတော်အပါး (၁၀ဝ) ကျော်တို့အား ထမနဲဆွမ်းလောင်းလှူခဲ့ကြသည်။

 

mdn

 

အဆိုပါ ပြိုင်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဝန်ထမ်းများ၊ ဟိုတယ် လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ မြန်မာနိုင်ငံဧည့်လမ်း ညွှန်များအသင်း (ပုဂံဇုန်)၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပခရီးသည်များ အပါအဝင် စုစုပေါင်းအင်အား ၅၀ဝ ကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ဟိုတယ်/ခရီး

 

mdn