နေပြည်တော် ၁၅ ဖေဖော်ဝါရီ
မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ရွက်ညိုတောင် ရဲကင်းစခန်းမှ ယာယီရဲမှူး တင်လှိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ် (ဝ၀၃)ပါ (၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Domdomia ကင်းစခန်းမှူး Subedar Nazruc Islam ဦးဆောင်သည့် အဖွဲ့သည် စက်တပ်ရေယာဉ် (၂)စီး၊ စုစုပေါင်း (၄)စီး တို့သည် မင်္ဂလာကြီးချောင်းဝထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ် (၈)မှ ဦးရှည်ကျချောင်းဝထိပ် ရေမိုင်အမှတ်(၁၁)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (ဝ၀၃) ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
(ရဲပြန်ကြား)


