နေပြည်တော်၊ မေ ၁၅

 

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည်ယမန်နေ့က မြန်မာ့ ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ခဲ့ပြီးဖြစ်ရာ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှု ကြောင့်  ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

ထို့ကြောင့် ရခိုင်ပြည်နယ်သို့ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး စစ်တွေလေယာဉ်ကွင်းအား နေ့/ ည အချိန်မရွေး အသုံးပြုနိုင်ရန်အတွက် ပြေးလမ်းမီး အပါအဝင် လိုအပ်သည်များတပ်ဆင်နိုင်ရေး၊ ဆက်သွယ်မှုများ အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရေးနှင့် သယ်ယူ ပို့ဆောင်မှုများ ချောမွေ့စွာ ဆောင်ရွက်ပေးနိုင် ရေးတို့အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး၊ မြန်မာ့မီးရထားနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူ အရာထမ်း/ အမှုထမ်း စုစုပေါင်း(၃၆)ဦးကို ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသား လေကြောင်းဖြင့် စစ်တွေမြို့သို့ စေလွှတ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)