မေ ၂၂
အိန္ဒိယမိုးလေဝသဌာနက နိုင်ငံအတွင်းရှိ ပြည်နယ်ခုနစ်ခုအတွက် အပူလှိုင်းသတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။
ဥတာပရာဒေ့ရှ်၊ အနောက်ဘင်္ဂလား၊ ဂျဟတ်ဟန်၊ ဟာယာနာတောင်ပိုင်း၊ ရာဂျတ်တန်အနောက်ပိုင်း၊ ချဟတ်တစ်ဂတ်နှင့် မဒရာပရာဒေ့ရှ် အချို့ဒေသများတွင် အပူလှိုင်း ဖြစ်နိုင်သည့်အခြေအနေရှိသည်ဟု ထိုဌာန၏ပြောကြားချက်အရ သိရသည်။
ကီရာလာ၊ တမီးလ်နာဒူ၊ အန်ဒရာပရာဒေ့ရှ်၊ ခွန်ခန်ဒေသတို့တွင် အပူပိုနိုင်ပြီး ရာသီဉတုအခြေအနေဆိုးရွားမည်ဟု ယူဆရသည်။
ပြည်နယ်အများအပြားတို့တွင် နွေရာသီအပူချိန် ဆက်လက်၍ပိုမိုမြင့်တက်လျက်ရှိသဖြင့် အပူသက်သာစေရန် ရေခဲမုန့်ဆိုင်များနှင့် အအေးဆိုင်များသို့ လူအများအပြားသွားရောက်ကြသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


