သံတောင်ကြီး  ၁၆  ဖေဖေါ်ဝါရီ 

 

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ်  ကော်ဖီသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လိပ်သို) ကျောက်တိုင်ခြံခွဲတွင် ဖေဖေါ်ဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ  ကော်ဖီသီးမှည့်ခူးပွဲတော်နှင့် အရည်အသွေးမြင့် အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှုနည်းပညာ သင်တန်းတစ်ရပ်ပြုလုပ်သည်။

 

received_5

 

အဆိုပါသင်တန်းတွင် ချဉ်ပေါင်ဖာလာအသင်းဥက္ကဋ္ဌ ဦးစောခရစ္စတိုဖာက သံတောင်ကြီးမြို့နယ်တွင် စီးပွားဈေးကွက်အနေဖြင့် ချဉ်ပေါင်ဖာလာ သာမက  အခြားဝင်ငွေရသီးနှံဖြစ်သောကော်ဖီကို အရည်အသွေးမြင့် တိုးချဲထုတ်လုပ်သွားရန် ပြောကြားသွားသည်။ ထို့နောက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်မင်း က ကော်ဖီခူးဆွတ်ရာတွင် သီးကိုင်းကို ဆွဲသတ်၍ခူးခြင်းမပြု လုပ်ဘဲ  စနစ်တကျရွေးဆွတ်ခူးကြစေရန် နှင့်မြို့အလိုက်/ကျေးရွာအလိုက် ကော်ဖီသီးဆွတ်ခူးပွဲများ ဆက်လက်ကျင်းပနိုင်ရန်မျှော်လင့်ကြောင်းပြောကြားသွားသည်။ ဆက်လက်၍ ဘန့်ဘွေးကော်ဖီခြံ  တာဝန်ခံ  ဦးဟန်မင်းဦးက ကော်ဖီ အရည်အသွေးလျော့စေနိုင်သော သီးစိမ်းများကိုမခူးဘဲ  သီးမှည့်များကိုသာ အကြိမ်ကြိမ်ခွဲဆွတ်ခူးပေးရန်  ကြိတ်ခွဲရာတွင်လည်း ခူးဆွတ်ပြီး(၁၂)နာရီအတွင်းကြိတ်ခွဲရန် သိုလှော်ရာတွင်လည်း စနစ်တကျ သိုလှောင်တတ်စေရန်လိုအပ်ကြောင်း ပြောကြားသွားသည်။

 

သင်တန်းတွင်  သံတောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ  ကော်ဖီသုတေသနခြံမှဝန်ထမ်းများ  ဖြူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  ညောင်ပင်သာခြံမှဝန်ထမ်းများ  သံတောင်ကြီးမြို့နယ်ကော်ဖီအသင်းအဖွဲ့မှတာဝန်ရှိသူများ  နှင့်ကော်ဖီစိုက်တောင်သူများစုစုပေါင်း (၈၄)ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။

 

MDN

 

IMG-ecf16