အိမ်မဲ ၁၆ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် အတွင်း မောင်းနှင်သွားလာနေသော ယာဉ်များအား စစ်ဆေးခြင်းကို ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်နံနက် ၇ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် မြို့နယ်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကြီးကြပ်မှုကောင်စီ အဖြင့်ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပြီး မြို့နယ်အတွင်း မောင်းနှင်သော မော်တော်ဆိုင်ကယ်မောင်းသူများ ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မောင်းနှင်မှု၊ သုံးယောက်စီးနှင်းမောင်းနှင်မှုနှင့် ထော်လာဂျီမောင်းနှင်သူများအား ယဉ်လိုင်စင်နှင့်မောင်းလိုင်စင်များစစ်ဆေးခဲ့ပြီး ဆိုင်ကယ်စီးဦးထုပ်မပါဘဲ မောင်းနှင်သူများအား အန္တရာယ်ကင်းဝေးစေရန်ဆိုင်ကယ်စီးဦးထုပ်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများစစ်ဆေးမှုကို မြို့နယ်ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကြီးကြပ်မှုကောင်စီ အဖွဲ့က မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်းအရှေ့၊ ချောင်းဝတံတားထိပ်နှင့်မြို့မဈေးကြီးပတ်ဝန်းကျင်တစ်လျှောက် စစ်ဆေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


