ဘားအံ ၁၆ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာရှိအကျိုးပြုဧက ၆၀ဝ ကို ရေပေးဝေနိုင်သည့် ဂျိုင်းလျှပ်စစ် မြစ်ရေတင်ဧရိယာအတွင်း နွေစပါးများစိုက်ပျိုးနေလျှက်ရှိရာ နောက်ဆုံးစိုက်ပျိုးမှု ထွန်တုံးပိတ်စုပေါင်းစိုက်ပျိုးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်က တောင်သူဦးမောင်အေး၏နွေးစပါးစိုက်ခင်းတွင် ပြုလုပ်ကြသည်။

 

တောင်သူများအတွက် တစ်ဧကကောက်ကွက်ပြည့်မှီရေးနှင့် စိုက်နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပါက စပါးနှင့် ကောက်ပဲသီးများအထွက်နှုန်းတိုးစေရေး၊ မြစ်ရေတင်ဖြင့် စိုက်ပျိုးသောနွေစပါးစိုက်ပျိုးမှုအား ဆည်မြောင်းနှင့် ရေအသုံး ချမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးဧကများတိုးတက် လာစေရေး အတွက်ရည်ရွယ်ကာ ဂျိုင်းလျှပ်စစ်မြစ်ရေတင် ထွန်တုံးပိတ်စုပေါင်းစိုက်ပျိုးပွဲကို တောင်သူများနှင့် စုပေါင်းကျင်းပရခြင်းဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဂျိုင်းကျေးရွာ၊ ရိုးမဟာကျေးရွာ၊ ကျုံစောက်ကျေးရွာနှင့် တံတားဦးကျေးရွာမှ တောင်သူများ တက်ရောက်ကာ စုပေါင်းစဉ်နွှဲခဲ့ကြကြောင်း သိရသည်။

 

ဘားအံမြို့နယ်တွင်ထူးကဲစွာရေကြီးမှုကြောင့် မိုးစပါးများထိခိုက်ပျက်စီးသွားသော လယ်မြေများအား  ပြန်လည် စိုက်ပျိုး လယ်မြေများနှင့် ရေနက်ကွင်းများတွင် ရေကျနောက်စိုက်လယ်များအတွက်အောင်ရေများကိုလည်းကောင်း၊ နွေစပါးထွန်ယက်ရေပျိုးထောင်ရေတို့အတွက်ရေဘုတ်ရေလှောင်ကန်၏ ဆည်ရေသောက်ဧရီယာနှင့် အလှမ်းဝေးသော လယ်မြေများအတွက် ဘားအံမြို့နယ်အတွင်းရှိ လျှပ်စစ်မြစ် ရေတင်များဖြစ်သည့် တရုတ်လှမြစ်ရေတင်၊ ဘားကပ်မြစ် ရေတင်၊ ထုံးအိုင်ဖြစ်ရေတင်၊ ဇာသပြင်မြစ်ရေတင်၊ ဂျိုင်းမြစ်ရေတင်နှင့် သံလှယ်မြစ်ရေတင်ဧရိယာအတွင်း စပါးစိုက် ဧကများအတွက် မြစ်ရေတင်စီမံကိန်း(၆)ခုဖြင့် နိုဝင်ဘာလမှ စတင်ကာ စိုက်ဧကပြည့်မှီရေး မြစ်ရေတင် ရေပေးဝေလျှက် ရှိကြောင်း ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါဂျိုးလျှပ်စစ်မြစ်ရေဖြင့် နွေးစပါစိုက်ပျိုးမှုတွင် စိုက်ဧက ၁၃၀ ဧကလျာထားသော်လည်း တောင်သူ လယ်သမားစိုက်ပျိုးဧက ၂၂၈ ဧကစိုက်ပျိုးပြီး မြစ်ရေတင်ဧရိယာ၏အမြင့်ပိုင်းမြေဧကများတွင် ပဲတီစိမ်း၊ ပဲလွန်းဖြူ စသည့်ပဲမျိုးစုံအပါအဝင် ကောက်ပဲသီးနှံစိုက်ပျိုးဧက ၅၀ ဧကလျာထားသော်လည်း စိုက်ပျိုးမှု ၇၂ ဧက ရှိသဖြင့် လျာထားဧကကျော်လွန်သောကြောင့် ဂျိုးကျေးရွာဒေသတောင်သူများအတွက် အကျိုးရှိမှာဖြစ်ကြာင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

DSC09