ကောလင်း ၁၆ ဖေဖော်ဝါရီ    


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဇာတိမာန်ခန်းမ၌ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း (၁၀ဝ၀)ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။


အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးတို့က အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ကျေးလက်နေပြည်သူများ၏ ရေရရှိရေး၊ လမ်း၊ တံတားလုပ်ငန်း တည်ဆောက်ခြင်းတို့နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်သွားကြရန် မှာကြားရှင်းလင်းသည်။


ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက သောက်သုံးရေရရှိရေးလုပ်ငန်း ၅ မျိုး၊ လမ်းလုပ်ငန်း ၁၇ မျိုး၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း ၉ မျိုး၊ အခြားလုပ်ငန်း ၂ မျိုး စုစုပေါင်း ၃၃ မျိုးအား လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စုမှ ကျေးရွာပေါင်း ၃၃ ရွာအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။


MDN

 

123