လှည်းကူး ၁၇ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၄ ရက်က          ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေနှင့် အရာထမ်း၊ အမှုထမ်းများမှ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြသည်။

 

အဆိုပါဟောပြောပွဲသို့ ပြည်သူလူထု (၁၀ဝ)ခန့် တက်ရောက်ခဲ့ကာ ငလျင်ဘေး၊ မီးဘေး၊ ရေဘေး စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘေးအမျိုးမျိုး ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် ကြုံတွေ့ရမည့် အခက်အခဲများကို  ကြိုတင်ကာကွယ်ခြင်းများဖြင့် လူမှုဘဝမြှင့်တင်နိုင်စေရန် အသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး